“အတုလား အစစ်လား မသိရသေးတဲ့ AA ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ လက်မှတ်ပါ လူမျိုးရေးမုန်းတီးဖို့ ၀ါဒဖြန့်စာတစ်စောင်ထွက်ပေါ်လာ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၁၅)ရပ်ကွက်၊ ငုဝါလမ်းတွင် ရခိုင်တပ်တော် အမျိုးသားအဖွဲ့ချုပ် ထွန်းမြတ်နိုင်၏ လက်မှတ်ပါ စာကြောင့် လှိုင်သာယာတွင် စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ သတင်းများထွက်ပေါ်လာခြင်းနှင့်ပတ်သက်၍ လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းမှူး ဒုရဲမှူးစန်းယုကို Top Phoenix မီဒီယာမှ ဆက်သွယ်မေးမြန်းရာ ” ဒီနေ့ မနက်ပိုင်းက မြို့နယ်မှူး(ရဲမှူး)၊ အမှုစစ်တွေနှင့်အတူ တိုင်းရုံးရောက်နေတယ်။ စာတော့ Viberမှာ ပို့ထားတာ မြင်တယ်။ အထက်ကို တင်ပြခိုင်းထားတယ်။ ကျွန်နော်လည်း အသေးစိတ် မသိသေး။ အသေးစိတ် သိရင် ထုတ်ပြန်မည်”ဟု ပြောသည်။

“လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၁၅)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးထံ သွယ်မေးမြန်းရာ ဖုန်းစက်ပိတ်ထား သဖြင့် အသေးစိတ် မသိရှိရပေမည့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက ” အသက် ၄၉နှစ်အရွယ် အမျိုးသမီး တစ်ဦး ဈေးဝယ်လာချိန်မှာ တွေ့ပြီး၊ ရာအိမ်မှူးမှတဆင့် စာက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ရောက်လာတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးမှတဆင့် စာကို သက်ဆိုင်ရာသို့ ပို့ပေးလိုက်တယ်”ဟု အတည်ပြု ပြောသည်။

၎င်းစာကို ဖတ်ရှုရသည့် အမည်မဖော်လိုသူတစ်ဦးက “သာလီစွအမျိုးတို့ရေ၊ Covid 19 ရောဂါ အသုံးပြု၍ ရခိုင်နိုင်ငံကို တည်ဆောက် ကြပါစို့၊ ရောဂါခံစား နေရသော ရခိုင်သားတို့ရေ ဗမာပြည်မှာ ထိန်းမနိုင် သိမ်းမရ ရောဂါပြန့်ပွားအောင် လုပ်ကြနော်၊ အဓိက မြို့နှစ်မြို့ ရန်ကုန်မြို့၊ မန္တလေးမြို့ ဖြစ်တယ်။ အဓိက မြို့နှစ်မြို့ ပြိုလဲရင် ဗမာပြည် ပြိုလဲပြီ အဓိက စစ်တပ်ရင်း၊ ရဲတပ်ရင်းအနီးနားမှာ ထမင်းဆိုင်၊ ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်တွေမှာ အစားစာပြီး ပိုတ်ဆံတွေမှာ တံတွေးစွပ်ပြီး ပေးကြ၊ ဘတ်စကားစီးရင် လေကို မသိမသာ မှုတ်ထုတ်ကြ၊ ရခိုင်တွေ အပြစ်မရှိသေကြသလို၊ ဗမာတွေလည်း သေသင့်တယ်”ဟု စာတွေပါ အမုန်းစကားတွေဖြင့် တွေ့မြင်ရကြောင်း ပြောသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ လှိုင်သာယာမြို့နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအေးဗိုလ်ကို Top Phoenix မီဒီယာမှ ဆက်သွယ်မေးမြန်းရာ “ဘာမှ မသိရသေးဘူး။ ညီလေး ပြော၍ အခုမှ သိရတာ၊ စုံစမ်းပြီး ပြန်လည် ဖြေကြား ပေးမည်”ဟု ပြောသည်။

ယနေ့တွင် အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် (၁၉)ရပ်ကွက်မှ ရခိုင်အမျိုးသားနှစ်ဦးကို သက်ဆိုင်ရာ တာဝန်ရှိသူများက ခေါ်ဆောင်သွားကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက Top Phoenix မီဒီယာသို့ ပြောသည်။

ဦးပြုံး(နိုင်ငံမျက်လုံး)

Leave a Reply

Your email address will not be published. Required fields are marked *