ျပည္ခိုင္ၿဖိဳးတံဆိပ္ပါ အဝတ္အထည္ အသုံးအေဆာင္မ်ားကို ေရာင္းတမ္းအျဖစ္ ေရာင္းခ်သြားမည္မဟုတ္ဟုဆို

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ၏ အဝတ္အထည္အသုံးအေဆာင္မ်ားကို ေရာင္းတမ္းအျဖစ္ေရာင္းခ်သြားမည္မဟုတ္ေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီ(ေနျပည္ေတာ္)၏ ႐ုံးအုပ္ႀကီးဦးေအာင္ပိုင္မင္းကေျပာသည္။

“အကၤ်ီေတြ ဆိုင္တင္မေရာင္းရတဲ့ကိစၥကေတာ့ လူယုတ္မာတခ်ိဳ့ေၾကာင့္ပါ။ ပါတီတံဆိပ္ပါအကၤ်ီကို မေလ်ာ္မကန္ ကားဘီးသုတ္ျပၿပီး ေဖ့စ္ဘြတ္တင္တာတို့လို ရန္စတဲ့ အျပဳအမူမ်ိဳး လုပ္တာေတြရွိပါတယ္၊ မခံမရပ္နိုင္လို့ ရန္ျဖစ္ၾကရင္ မေကာင္းပါဘူး ။

အလြယ္ဝယ္ၿပီး လုပ္ခ်င္ရာလုပ္ျပတာမ်ိဳး ကၽြန္ေတာ္တို့ ပါတီတံဆိပ္ကို အျဖစ္မခံနိုင္ပါဘူး ။ အလြယ္ဝယ္လို့ရေနတဲ့ တစ္ဘက္ပါတီက ပစၥည္းေတြကိုဝယ္ၿပီး သူတို့လို လုပ္လို့ရတယ္ဆိုေပမယ့္ ကၽြန္ေတာ္တို့က ဘယ္ေတာ့မွ သူတပါးရဲ့ ယုံၾကည္ရာကို မေစာ္ကား မယုတ္မာပါဘူး။

ဒါေၾကာင့္ ျခေသၤ့ကို ေရာင္းတမ္းမလုပ္တာပါ။ ပါတီဝင္းထဲမွာ အမွတ္တရပစၥည္းဆိုင္ေတြ ရွိပါတယ္ ။ စည္းကမ္းနဲ႔ ထိန္းသိမ္းထားတာ ဒါေၾကာင့္ပါ။ အမွန္တကယ္ လိုခ်င္သူေတြအတြက္ အလုံအေလာက္ကိုရွိပါတယ္ ။ အခ်ိန္ေရာက္တဲ့အခါ ရကိုရၾကမွာပါ ေရာင္းတမ္းေတာ့ မဟုတ္ပါဘူး”ဟုဦးေအာင္ပိုင္မင္းကေျပာသည္။

လက္ရွိကာလတြင္ေရြးေကာက္ပြဲေကာ္မရွင္မွမဲဆြယ္ကာလကိုတရားဝင္သတ္မွတ္ေပးျခင္းမရွိေသးသည့္အတြက္ပါတီအမွတ္တံဆိပ္မ်ားကိုပါတီေထာက္ခံေသာလူမွုေရးအသင္းအဖြဲ႕မ်ားသာဝတ္ဆင္ေနၿပီးပါတီဝင္မ်ားအေနျဖင့္ဥပေဒႏွင့္အညီဝတ္ဆင္အသုံးျပဳသြားမည္ဟုဆက္လက္ေျပာၾကားသည္။

ပါတီတံဆိပ္ပါ တီရွပ္၊ စပို့ရွပ္၊ထရပ္ဆု၊ ပုဆိုး အမ်ိဳးမ်ိဳးႏွင့္ ဦးထုပ္ ၊ နဖူးစည္း၊ လြယ္အိတ္၊ ထီး အစရွိသည့္ အသုံးအေဆာင္မ်ား ျပင္ဆင္ထားၿပီးျဖစ္ကာ ကမ္ပိန္းလုပ္ရန္ ခြင့္ျပဳေပးသည့္အခ်ိန္ေရာက္မွသာ သတ္မွတ္ခ်က္မ်ားႏွင့္ အညီကမ္ပိန္းလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

TheFifthWave

Unicode

ပြည်ခိုင်ဖြိုးတံဆိပ်ပါ အဝတ်အထည် အသုံးအဆောင်များကို ရောင်းတမ်းအဖြစ် ရောင်းချသွားမည်မဟုတ်ဟုဆို

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၏ အဝတ်အထည်အသုံးအဆောင်များကို ရောင်းတမ်းအဖြစ်ရောင်းချသွားမည်မဟုတ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ(နေပြည်တော်)၏ ရုံးအုပ်ကြီးဦးအောင်ပိုင်မင်းကပြောသည်။

“အင်္ကျီတွေ ဆိုင်တင်မရောင်းရတဲ့ကိစ္စကတော့ လူယုတ်မာတချို့ကြောင့်ပါ။ ပါတီတံဆိပ်ပါအင်္ကျီကို မလျော်မကန် ကားဘီးသုတ်ပြပြီး ဖေ့စ်ဘွတ်တင်တာတို့လို ရန်စတဲ့ အပြုအမူမျိုး လုပ်တာတွေရှိပါတယ်၊ မခံမရပ်နိုင်လို့ ရန်ဖြစ်ကြရင် မကောင်းပါဘူး ။

အလွယ်ဝယ်ပြီး လုပ်ချင်ရာလုပ်ပြတာမျိုး ကျွန်တော်တို့ ပါတီတံဆိပ်ကို အဖြစ်မခံနိုင်ပါဘူး ။ အလွယ်ဝယ်လို့ရနေတဲ့ တစ်ဘက်ပါတီက ပစ္စည်းတွေကိုဝယ်ပြီး သူတို့လို လုပ်လို့ရတယ်ဆိုပေမယ့် ကျွန်တော်တို့က ဘယ်တော့မှ သူတပါးရဲ့ ယုံကြည်ရာကို မစော်ကား မယုတ်မာပါဘူး။

ဒါကြောင့် ခြင်္သေ့ကို ရောင်းတမ်းမလုပ်တာပါ။ ပါတီဝင်းထဲမှာ အမှတ်တရပစ္စည်းဆိုင်တွေ ရှိပါတယ် ။ စည်းကမ်းနဲ့ ထိန်းသိမ်းထားတာ ဒါကြောင့်ပါ။ အမှန်တကယ် လိုချင်သူတွေအတွက် အလုံအလောက်ကိုရှိပါတယ် ။ အချိန်ရောက်တဲ့အခါ ရကိုရကြမှာပါ ရောင်းတမ်းတော့ မဟုတ်ပါဘူး”ဟုဦးအောင်ပိုင်မင်းကပြောသည်။

လက်ရှိကာလတွင်ရွေးကောက်ပွဲကော်မရှင်မှမဲဆွယ်ကာလကိုတရားဝင်သတ်မှတ်ပေးခြင်းမရှိသေးသည့်အတွက်ပါတီအမှတ်တံဆိပ်များကိုပါတီထောက်ခံသောလူမှုရေးအသင်းအဖွဲ့များသာဝတ်ဆင်နေပြီးပါတီဝင်များအနေဖြင့်ဥပဒေနှင့်အညီဝတ်ဆင်အသုံးပြုသွားမည်ဟုဆက်လက်ပြောကြားသည်။

ပါတီတံဆိပ်ပါ တီရှပ်၊ စပို့ရှပ်၊ထရပ်ဆု၊ ပုဆိုး အမျိုးမျိုးနှင့် ဦးထုပ် ၊ နဖူးစည်း၊ လွယ်အိတ်၊ ထီး အစရှိသည့် အသုံးအဆောင်များ ပြင်ဆင်ထားပြီးဖြစ်ကာ ကမ်ပိန်းလုပ်ရန် ခွင့်ပြုပေးသည့်အချိန်ရောက်မှသာ သတ်မှတ်ချက်များနှင့် အညီကမ်ပိန်းလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *