ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ရ့ဲ အိမ္ၿခံဝန္းက အေစာင့္တစ္ဦးေရာဂါကူးစက္ခံရ

တကၠသိုလ္ရိပ္သာလမ္းက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္အိမ္ၿခံဝန္းက အေစာင့္တစ္ဦးေရာဂါကူးစက္ခံရ

ဗဟန္းၿမိဳ႕နယ္ တကၠသိုလ္ရိပ္သာလမ္းက ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ၿခံဝန္းကိုႀကီးၾကပ္သူတစ္ဦးမွာ Covid19ေရာဂါေတြ႕ရတယ္လို႔

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဗဟိုေအာင္ႏိုင္ေရးအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန႔္က အတည္ျပဳေျပာဆိုလိုပါတယ္။

စက္တင္ဘာလ၆ရ္ကေန႔ နံနက္၈နာရီအခ်ိန္ က်န္းမာေရးဝန္ႀကီး႒ာနရဲ႕ ထုတ္ျပန္ခ်က္အရ Covid19ေရာဂါပိုးေတြ႕ရွိသူ ၆၆ဦးရွိၿပီး အဲဒီအထဲက ၂ဦးဟာ ဗဟန္းၿမိဳ႕နယ္က ျဖစ္တယ္လို႔ ထုတ္ျပန္ခဲ့တာပါ

။ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ၿခံဝန္းအေစာင့္မွာ ေရာဂါပိုးေတြ႕တာေၾကာင့္ က်န္းမာေရးဝန္ႀကီး႒ာနရဲ႕ထုတ္ျပန္ခ်က္ေတြနဲ႔အညီေဆာင္႐ြက္မွာျဖစ္သလို သံသယရွိတဲ့လူတိုင္းကို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ေတြ႕ဆုံခြင့္ရေတာ့မွာ မဟုတ္ဘူးလို႔ဆိုပါတယ္။

ဒါ့အျပင္ အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ေတြ႕ဆုံမယ့္လူတိုင္း Covid19စစ္ေဆးမႈေတြလုပ္ရမွာျဖစ္သလို ပိုးကင္းစင္မွ ေတြ႕ခြင့္ရမယ္လို႔ ေဒါက္တာမ်ိဳးၫြန႔္က ေျပာပါတယ္။

ဒီပိုးေတြ႕လူနာဟာ ေကာ့မႉးၿမိဳ႕နယ္မွာေနထိုင္သူျဖစ္သလို အသက္၅၀ေလာက္ရွိေနၿပီး အတိုင္ပင္ခံရဲ႕ၿခံဝန္းကိုႀကီးၾကပ္သူတစ္ဦးလည္းျဖစ္သလို ေကာ့မႉးကိုတခါတေလျပန္တာရွိတယ္လို႔ ေျပာပါတယ္။

NLD ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔လည္း လာမယ့္ စက္တင္ဘာ ၈ရက္ေန႔က်ရင္ ေ႐ြးေကာက္ပြဲဝင္ၿပိဳင္ရာ ေကာ့မႉးၿမိဳ႕နယ္မွာ သြားေရာက္ေအာင္လံထူဖို႔ ရွိေနၿပီး

အဲဒီ့ကို က်န္းမာေရးအေျခအေနအရ ျပည္သူေတြမလာၾကဖို႔ကို ေဒၚေအာင္ဆန္းစုၾကည္က ေျပာဆိုထားပါတယ္။

တက္ကသိုလ်ရိပ်သာလမ်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အိမ်ခြံဝန်းက အစောင့်တစ်ဦးရောဂါကူးစက်ခံရ

ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းက နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြံဝန်းကိုကြီးကြပ်သူတစ်ဦးမှာ Covid19ရောဂါတွေ့ရတယ်လို့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအောင်နိုင်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က အတည်ပြုပြောဆိုလိုပါတယ်။

စက်တင်ဘာလ၆ရ်ကနေ့ နံနက်၈နာရီအချိန် ကျန်းမာရေးဝန်ကြီးဋ္ဌာနရဲ့ ထုတ်ပြန်ချက်အရ Covid19ရောဂါပိုးတွေ့ရှိသူ ၆၆ဦးရှိပြီး အဲဒီအထဲက ၂ဦးဟာ ဗဟန်းမြို့နယ်က ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တာပါ

။ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြံဝန်းအစောင့်မှာ ရောဂါပိုးတွေ့တာကြောင့် ကျန်းမာရေးဝန်ကြီးဋ္ဌာနရဲ့ထုတ်ပြန်ချက်တွေနဲ့အညီဆောင်ရွက်မှာဖြစ်သလို သံသယရှိတဲ့လူတိုင်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဆုံခွင့်ရတော့မှာ မဟုတ်ဘူးလို့ဆိုပါတယ်။

ဒါ့အပြင် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဆုံမယ့်လူတိုင်း Covid19စစ်ဆေးမှုတွေလုပ်ရမှာဖြစ်သလို ပိုးကင်းစင်မှ တွေ့ခွင့်ရမယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ဒီပိုးတွေ့လူနာဟာ ကော့မှူးမြို့နယ်မှာနေထိုင်သူဖြစ်သလို အသက်၅၀လောက်ရှိနေပြီး အတိုင်ပင်ခံရဲ့ခြံဝန်းကိုကြီးကြပ်သူတစ်ဦးလည်းဖြစ်သလို ကော့မှူးကိုတခါတလေပြန်တာရှိတယ်လို့ ပြောပါတယ်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း လာမယ့် စက်တင်ဘာ ၈ရက်နေ့ကျရင် ရွေးကောက်ပွဲဝင်ပြိုင်ရာ ကော့မှူးမြို့နယ်မှာ သွားရောက်အောင်လံထူဖို့ ရှိနေပြီး

အဲဒီ့ကို ကျန်းမာရေးအခြေအနေအရ ပြည်သူတွေမလာကြဖို့ကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *