ကိုရိုနာဗိုင္းရပ္စ္ေရာဂါကာကြယ္ ေဆးထိုးေပးသြားမည့္ အစီအစဥ္က WHO ေၾကျငာလိုက္ျပီ
ကိုဗစ္ကူးစက္ခံရႏိုင္ေျခ အမ်ားဆုံးသူေတြ ကာကြယ္ေဆး ဦးစားေပးဖို႔ WHO တိုက္တြန္း
COVID-19 ေရာဂါ ကာကြယ္ေဆးတခု ရလာတဲ့အခါမွာ ေရာဂါကူးစက္ခံရဖို႔ အႏၲရာယ္အရွိဆုံး လူေတြကို ဦးစားေပးၿပီး
ထိုးေပးသင့္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ
Tedros Adhanom Ghebreyesus က ေသာၾကာေန႔ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာသြားပါတယ္။
“ထိေရာက္တဲ့ ကာကြယ္ေဆးတခု ရလာၿပီဆိုရင္ အဲဒါကို ထိထိေရာက္ေရာက္ အသုံးျပဳရပါမယ္။
ကာကြယ္ေဆးထုတ္လုပ္မႈ တိုးလာတာနဲ႔အမွ် ေနရာတိုင္းက လူတိုင္း ကာကြယ္ေဆး ရေစခ်င္ပါတယ္။
ဒါေပမယ့္ ကာကြယ္ေဆးအေရအတြက္ နည္းေနမယ့္ အေစာပိုင္းကာလမွာေတာ့ မရွိမျဖစ္ တာဝန္ထမ္းေဆာင္ေနရသူေတြနဲ
႔ သက္ႀကီး႐ြယ္အိုေတြ၊ နဂို ေရာဂါအခံရွိသူေတြ အပါအဝင္ အႏၲရာယ္အရွိဆုံးသူေတြကို ဦးစားေပးၿပီး
ကာကြယ္ေဆးထိုးေပးရပါမယ္” လို႔ ေဒါက္တာ Ghebreyesus က ေျပာပါတယ္။
ကာကြယ္ေဆးထိုးေပးရမယ့္ကိစၥဟာ ကိုယ္က်င့္သိကၡာပိုင္းနဲ႔ လူထုက်န္းမာေရးပိုင္းအရ အေရးႀကီး႐ုံသာမကဘဲ စီးပြားေရးပိုင္းအရလည္း
အေရးႀကီးတဲ့ကိစၥ ျဖစ္တာေၾကာင့္ တခ်ိဳ႕ႏိုင္ငံေတြက လူအားလုံးကို ထိုးေပးတာမ်ိဳး မဟုတ္ဘဲ ႏိုင္ငံအားလုံးက
လူတခ်ိဳ႕ကို ဦးစားေပးၿပီး ထိုးေပးရမယ္လို႔လည္းေဒါက္တာ Ghebreyesus က ေျပာပါတယ္။ထိေရာက္ၿပီး
အႏၲရာယ္ကင္းတဲ့ COVID-19 ကာကြယ္ေဆးရဖို႔ တကမာၻလုံးမွာ အျပင္းအထန္ ႀကိဳးစားေနၾကၿပီး အခုဆိုရင္
တခ်ိဳ႕ကာကြယ္ေဆးေတြကို တတိယအဆင့္ စမ္းသပ္တဲ့ အေျခအေနေတာင္ ေရာက္ေနပါၿပီ။
အဲဒီစမ္းသပ္ခ်က္ေတြရဲ႕ ရလဒ္ေတြကို ဒီႏွစ္ကုန္ ဒါမွမဟုတ္ ေရွ႕ႏွစ္ဆန္းပိုင္းမွာ သိလာရၿပီးတဲ့ေနာက္
အလုပ္ျဖစ္မယ့္ ကာကြယ္ေဆး သန္းေပါင္းမ်ားစြာကို စၿပီး ထုတ္လုပ္ၾကရမွာပါ။
ဒါေၾကာင့္ လက္ေတြ႕က်က် ေျပာမယ္ဆိုရင္ ၂၀၂၁ ခုႏွစ္ ဒုတိယႏွစ္ဝက္ထက္ေစာၿပီးေတာ့ ကာကြယ္ေဆးတခု
ရလာဖြယ္ မရွိဘူးလို႔ WHO ရဲ႕သိပၸံပညာရွင္ အႀကီးအကဲ Soumya Swaminathan က ေျပာပါတယ္။
source: VOA Burmese News
Unicode
ကိုဗစ်ကူးစက်ခံရနိုင်ခြေ အများဆုံးသူတွေ ကာကွယ်ဆေး ဦးစားပေးဖို့ WHO တိုက်တွန်း
COVID-19 ရောဂါ ကာကွယ်ဆေးတခု ရလာတဲ့အခါမှာ ရောဂါကူးစက်ခံရဖို့ အန္တရာယ်အရှိဆုံး
လူတွေကို ဦးစားပေးပြီး ထိုးပေးသင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာ Tedros Adhanom Ghebreyesus က သောကြာနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။
“ထိရောက်တဲ့ ကာကွယ်ဆေးတခု ရလာပြီဆိုရင် အဲဒါကို ထိထိရောက်ရောက် အသုံးပြုရပါမယ်။
ကာကွယ်ဆေးထုတ်လုပ်မှု တိုးလာတာနဲ့အမျှ နေရာတိုင်းက လူတိုင်း ကာကွယ်ဆေး ရစေချင်ပါတယ်။
ဒါပေမယ့် ကာကွယ်ဆေးအရေအတွက် နည်းနေမယ့် အစောပိုင်းကာလမှာတော့ မရှိမဖြစ်
တာဝန်ထမ်းဆောင်နေရသူတွေနဲ့ သက်ကြီးရွယ်အိုတွေ၊ နဂို ရောဂါအခံရှိသူတွေ အပါအဝင်
အန္တရာယ်အရှိဆုံးသူတွေကို ဦးစားပေးပြီး ကာကွယ်ဆေးထိုးပေးရပါမယ်” လို့ ဒေါက်တာ Ghebreyesus က ပြောပါတယ်။
ကာကွယ်ဆေးထိုးပေးရမယ့်ကိစ္စဟာ ကိုယ်ကျင့်သိက္ခာပိုင်းနဲ့ လူထုကျန်းမာရေးပိုင်းအရ အရေးကြီးရုံသာမကဘဲ စီးပွားရေးပိုင်းအရလည်း
အရေးကြီးတဲ့ကိစ္စ ဖြစ်တာကြောင့် တချို့နိုင်ငံတွေက လူအားလုံးကို ထိုးပေးတာမျိုး မဟုတ်ဘဲ နိုင်ငံအားလုံးက
လူတချို့ကို ဦးစားပေးပြီး ထိုးပေးရမယ်လို့လည်းဒေါက်တာ Ghebreyesus က ပြောပါတယ်။
ထိရောက်ပြီး အန္တရာယ်ကင်းတဲ့ COVID-19 ကာကွယ်ဆေးရဖို့ တကမ္ဘာလုံးမှာ အပြင်းအထန် ကြိုးစားနေကြပြီး
အခုဆိုရင် တချို့ကာကွယ်ဆေးတွေကို တတိယအဆင့် စမ်းသပ်တဲ့ အခြေအနေတောင် ရောက်နေပါပြီ။
အဲဒီစမ်းသပ်ချက်တွေရဲ့ ရလဒ်တွေကို ဒီနှစ်ကုန် ဒါမှမဟုတ် ရှေ့နှစ်ဆန်းပိုင်းမှာ
သိလာရပြီးတဲ့နောက် အလုပ်ဖြစ်မယ့် ကာကွယ်ဆေး သန်းပေါင်းများစွာကို စပြီး ထုတ်လုပ်ကြရမှာပါ။
ဒါကြောင့် လက်တွေ့ကျကျ ပြောမယ်ဆိုရင် ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်ထက်စောပြီးတော့
ကာကွယ်ဆေးတခု ရလာဖွယ် မရှိဘူးလို့ WHO ရဲ့သိပ္ပံပညာရှင် အကြီးအကဲ Soumya Swaminathan က ပြောပါတယ်။
source: VOA Burmese News